
ရေကမ္ဘာ” (Waterworld) ဆိုတာ အနာဂတ်ကမ္ဘာကြီး ရေလွှမ်းမိုးပျက်စီးသွားပြီး လူသားတွေက ရေပေါ်မှာ အသက်ရှင်ကျန်ရစ်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Kevin Costner က “The Mariner” (အဏ္ဏဝါသား) ဆိုတဲ့ အထီးကျန်လှေသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး သူ့မှာ လူသားမဆန်တဲ့ ဗီဇပြောင်းလဲမှုတွေ ရှိနေတာပါ။ တစ်နေ့မှာ သူက ဟယ်လင် (Jeanne Tripplehorn) နဲ့ သူ့ရဲ့မွေးစားသမီး အန်နိုလာ (Tina Majorino) တိုနဲ့ ဆုံခဲ့တယ်။ အန်နိုလာ ရဲ့ ကျောပေါ်မှာက မြေပြင် (Dryland) ကိုသွားနိုင်တဲ့ လျှိဝှက်မြေပုံကို တက်တူးထိုးထားတာပါ။ အဲဒီမြေပုံက ဒဏ္ဍာရီလာ မြေပြင်ကို ရှာဖွေဖို အဖိုးတန်သော့ချက်ပဲဆိုပါတော့။ လူဆိုးဂိုဏ်းကြီးဖြစ်တဲ့ ဆေးလိပ်သမားများ (Smokers) ခေါင်းဆောင် ဒေကွန် (Dennis Hopper) က အန်နိုလာကို ဖမ်းဆီးဖို ကြိုးစားလာတဲ့အခါ အဏ္ဏဝါသားကြီးက သူမသွားချင်တဲ့ ခရီးစဉ်ကြီးတစ်ခုကို စတင်ခဲ့ရပါတယ်..