
အရင်ကားတွေနဲ့ မတူတဲ့အချက်ကတော့ ကာတွန်းဇာတ်ကောင်တွေနဲ့ တကယ့်လူတွေကို ပေါင်းပြီး ရိုက်ကူးပြထားတာပါ.. ဇာတ်လမ်းအကျဉ်းလေးကတော့ တွမ်နဲ့ ဂျယ်ရီ တို့နှစ်ယောက်ဟာ နယူးရော့ခ်မြို့ကို ပြောင်းရွှေ့လာပါတယ်.. ကေလာကတော့ အလုပ်ပြုတ်သွားလို့ ရိုင်ရယ်ဂိတ်ဟိုတယ်မှာ တခြားသူရဲ့အလုပ်လျှောက်လွှာနဲ့ ဟန်ဆောင်ပြီးအလုပ်လျှောက်ပါတယ်.. အလုပ်ပထမဆုံးဝင်တဲ့ရက်မှာပဲ ဂျယ်ရီ့ပြဿနာကြောင့် ကေလာတစ်ယောက် အခက်တွေ့နေတဲ့အတွက် တွမ်ကို ဂျယ်ရီကိုဖမ်းဖို့ ငှားရမ်းလိုက်ပါတယ်.. တွမ်နဲ့ဂျယ်ရီတို့ရဲ့ ထုံးစံအတိုင်း ဘယ်လိုပြဿနာရှာကြဦးမလဲ.. ကေလာတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ..