What's happening?

Video Sources 333 Views Report Error

  • OK
  • Mega
The Pianist (2002)

The Pianist (2002)

Music was his passion. Survival was his masterpiece.Sep. 17, 2002n/A150 Min.n/A
Your rating: 0
0 0 votes


Synopsis

The Pianist ဟာ ဒုတိယကမ္ဘာစစ်တွင်းက ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Szpilman တယောက် ဂျာမန်လက်ထဲကနေ လွတ်မြောက်ပီး ဝါဆောမြို့မှာ ပုန်းအောင်းရင်းအသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ခဲ့ရတဲ့အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ..
ဇာတ်လမ်းရဲ့အစမှာတော့ Szpliman တစ်ယောက် ဝါဆောမြို့ရေဒီယိုစခန်းတခုမှာ piano တီးနေခဲ့တယ်။ အဲ့အချိန်မှာဘဲ ပထမဆုံးဂျာမန်ဗုံးတွေ ပိုလန်မြို့ပေါ် ကြဲကျတော့ အဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဘေးလွတ်ရာပြေးကြတယ်။ စစ်ရဲ့အစပေါ့.. အင်္ဂလန်နဲ့ ပြင်သစ်တို့ စစ်ကြေညာကြောင်းထုတ်ပြန်တော့ မြို့ကနေ ထွက်ခွါတဲ့သူတွေက ထွက်ကြတယ်။ ဒါပေမဲ့ Szpilman တို့မိသားစုကတော့ ဝါဆောမြို့ကနေထွက်မပြေးခဲ့ဘဲ အခြေအနေကောင်းဖြစ်လာမှာကိုဘဲ စောင့်မျှော်နေခဲ့ကြတယ်။ ဒါပေမဲ့ ရလာဒ်ကထင်ထားသလိုဖြစ်မလာဘဲ ဂျာမန်တွေ ပိုအာဏာရ အင်အားကြီးလာပြီး ပိုလန်နိုင်ငံကို ဝါးမြိုလာပါတော့တယ်။ မြို့ထဲမှာရှိတဲ့ဂျူးမှန်သမျှ Ghetto ထဲကိုပြောင်းရွှေ့နေခိုင်းတယ်။ ဂျာမန်တွေဟာ ဂျူးတွေကို လူလိုမသတ်မှတ်ဘဲ ညှင်းပန်းနှိပ်စက်ကြတယ်။ အဲ့ဒါပြီး ကမ္ဘာ့သမိုင်းမှာအရက်စက်ဆုံးဖြစ်တဲ့ ဂျူးအားလုံးကို အမြစ်ပြတ်သတ်ဖြတ်မဲ့ Auschwitz ကိုရထားတွေနဲ့ ပို့ပါတော့တယ်။ အဲ့ထဲမှာလဲ ဂျူးမိသားစုဖြစ်တဲ့ Szpilman တို့မိသားစုကလဲ အပါအဝင်ပေါ့။ ကံကောင်းချင်တော့ ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတယောက်က Szpilman ကိုကယ်လိုက်တယ်။ ဒီလိုနဲ့ဘဲ Szpilman တစ်ယောက် သေကံမရောက် သက်မပျောက်ဘဲ ဝါဆောမြို့မှာ တစ်ယောက်ထဲ အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ ဒါပေမဲ့ အဲ့လိုရှင်သန်ရတာလဲ မလွယ်ကူပါဘူး။ အသက်မသေရုံတမယ်ပါဘဲ။ သူချစ်တဲ့သူ့မိသားစုကိုလဲ ဆုံးရှုံးခဲ့ရတယ်၊ သူသိပ်ဝါသနာပါတဲ့ Pianist အလုပ်ကိုလဲစွန့်လွှတ်ရတယ်၊ သူနေတဲ့ တမြို့လုံးလဲ အနိဋ္ဌာရုံဖြစ်သွားခဲ့ရတယ်။ ဒီရုပ်ရှင်ဟာ ဂျာမန်တို့ဝါဆောကို စသိမ်းတဲ့ ၁၉၃၉လောက်ကနေ ဆိုဗီယက်တပ်နီတော်ကြီး ပိုလန်ကိုပြန်သိမ်းယူတဲ့ ၁၉၄၅ လောက်အထိအတွင်းမှာ ယိုယွင်းပျက်စီးပြီး လူသူမဲ့နေတဲ့ ဝါဆောမြို့လယ်ထဲမှာ Pianist Szpilman တစ်ယောက် ဘယ်လိုအသက်ရှင်ဖို့ကြိုးစားခဲ့ရပုံကို ရင်တလှပ်လှပ်နဲ့ကြည့်ရှူရမာဘဲ ဖြစ်ပါတယ်..

The Pianist (2002)
The Pianist (2002)
The Pianist (2002)
The Pianist (2002)
The Pianist (2002)
The Pianist (2002)
The Pianist (2002)
The Pianist (2002)
The Pianist (2002)
The Pianist (2002)
Original title The Pianist
IMDb Rating n/A n/A votes
TMDb Rating 8.4 9,609 votes

Director

Cast

Adrien Brody isWładysław 'Władek' Szpilman
Władysław 'Władek' Szpilman
Thomas Kretschmann isCaptain Wilm Hosenfeld
Captain Wilm Hosenfeld
Ed Stoppard isHenryk Szpilman
Henryk Szpilman
Julia Rayner isRegina Szpilman
Regina Szpilman
Jessica Kate Meyer isHalina Szpilman
Halina Szpilman
Wanja Mues isSS Slapping Father
SS Slapping Father

Similar titles

Ip Man 3 (2015) mmsub
Assault on Wall Street မြန်မာစာတန်းထိုး
From Up on Poppy Hill မြန်မာစာတန်းထိုး
Kumari မြန်မာစာတန်းထိုး
Kalashnikov AK-47 (2020) mmsub
Behind the Yellow Line (1984) mmsub
Tipline Mysteries: Dial 1 for Murder မြန်မာစာတန်းထိုး
You & Me & Me
Miss Granny
Chivalrous မြန်မာစာတန်းထိုး
Kida မြန်မာစာတန်းထိုး
Funny Couple မြန်မာစာတန်းထိုး

Leave a comment

Name *
Add a display name
Email *
Your email address will not be published