
ဒီဇာတ်ကားထဲမှာဆိုရင်တော့ Little မိသားစုကြီးရဲ့ သားအလတ်ဖြစ်တဲ့ ကြွက်ကလေး Stuart ကို အရွယ်သေးငယ်လို့ဆိုပြီး မိခင်က နေရာတကာ စိတ်မချဖြစ် အစိုးရိမ်လွန်နေရပေမယ့် Stuart ကတော့ စွန့်စားခန်းဖွင့်ရတာကို သိပ်သဘောကျတဲ့သူတစ်ဦးပါ။ တစ်နေ့မှာ ရန်သူ့ရဲ့လက်ကနေ ထွက်ပြေးလာတဲ့ ငှက်မလေး Margalo နဲ့ တွေ့မိပြီး ခင်မင်သွားကြတဲ့နောက် Stuart ရဲ့အိမ်ကို Margalo လိုက်နေခဲ့တယ်။ အဲဒီနောက်တော့ ရန်သူတော်ကြီးနဲ့ Stuart တို့ ဘယ်လိုတွေဆက်ပြီး တိုက်ပွဲဝင်ကြမလဲ.. Margalo နဲ့ ရန်သူကြီးကရော ဘယ်လိုတွေပတ်သက်မှုရှိနေလဲ စတဲ့ လျှို့ဝှက်စွန့်စားခန်းတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်..