
Shock Wave 2 ဇာတ်ကားမှာတော့ Poon Singfung က ဗုံးရှင်းအဖွဲ့က ထူးချွန်တဲ့အရာရှိတစ်ဦး ဖြစ်ပါတယ်.. တစ်နေ့သူက ပါတနာ Tung Cheuk Man နဲ့အတူ ဗုံးဖြုတ်ဖို့ကြိုးစားနေရင်း မတော်တဆမှုဖြစ်ကာ ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့တယ်.. ခြေထောက်ဆုံးရှုံးသွားပေမယ့် Poon Singfung က စိတ်ဓါတ်မကျပဲ ခြေတုနဲ့ သန်မာလာအောင်ကြိုးစားပြီး သူ့အရင်အလုပ်ကို ပြန်လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်.. ဒါပေမယ့် ရဲဌာနက မသန်စွမ်းဖြစ်သွားတဲ့သူ့ကို အရင်ရာထူး ပြန်မပေးခဲ့တော့ပဲ ဌာနလွှဲပြောင်းခဲ့တယ်.. ရဲဌာနကို စိတ်ကုန်သွားခဲ့တဲ့ Poon Singfung တစ်ယောက် ကမ္ဘာကြီးကိုပါ နာကျည်းသွားခဲ့ပြီးတော့ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ထဲဝင်ကာ အကြမ်းဖက်ဖောက်ခွဲမှုတွေကို ပြုလုပ်ခဲ့ပါတယ်.. သူဗုံးထောင်ခဲ့တဲ့ အကြမ်းဖက်ပေါက်ကွဲမှုမှာ Poon Singfung တစ်ယောက် ထိခိုက်ဒဏ်ရာရသွားပြီး အတိတ်မေ့သွားတဲ့အခါ သူဘာတွေဆက်လုပ်မလဲ.. ရဲဌာနကလည်း သူ့ကို ဖောက်ခွဲမှုတရားခံအဖြစ် ဖမ်းဆီးထားတဲ့အခါ သူဘယ်လို လွတ်မြောက်အောင် ကြံစည်မလဲဆိုတာ..