
စုံထောက် ဂျေအက်စ်ဂျန်က ဗုံးရှင်းလင်းရေးမှာ အထူးကျွမ်းကျင်တဲ့ အရာရှိတစ်ယောက်ပါ.. ဗုံဖေါက်ခွဲမှု ကျွမ်းကျင်တဲ့ အကြမ်းဖက်သမားကို ဖမ်းနိုင်ဖို့ Undercover အနေနဲ့ နှစ်နှစ်လောက် အကြမ်းဖက်သမားတွေဆီမှာ စုံစမ်းရေးလုပ်နေခဲ့တယ်.. နောက်ဆုံး ဖမ်းမိခါနီးအချိန်လေးမှာ ဗုံးဖောက်ခွဲရေးကျွမ်းကျင်တဲ့ လူဆိုးက ထွက်ပြေးလွတ်မြောက်သွားပြီး သူ့ညီကိုသာ ဖမ်းမိလိုက်ပါတယ်.. နောက်နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ ဒီလူဆိုးက လက်စားချေဖို့ ဟောင်ကောင်ကို ပြန်ရောက်လာတဲ့အခါမှာတော့.. ဗုံးကျွမ်းကျင်သူဖြစ်တာကြောင့် ဘယ်လိုတွေ လက်စွမ်းပြပြီး ဖောက်ခွဲမှာလဲ.. ဟောင်ကောင်ရဲ့ အရေးပါတဲ့ ပင်လယ်ဖြတ်ကူးတဲ့ ရေအောက်ဥမင်လှိုင်ခေါင်းလမ်းကို အနုကြမ်းစီးလာတဲ့အခါမှာတော့ ဂျေအက်စ်ဂျန် ဒီအမှုကို ဖြေရှင်းနိုင်ပါ့မလားဆိုတာ..