
ဂျိုဝီဟာ လူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး တစ်နေ့မှာ တိုက်ခိုက်လူသတ်မိကြရာ သူတို့သတ်လိုက်တဲ့သူတွေက အကျင့်ပျက်ရဲတွေဖြစ်နေတယ်။ သက်သေဖျောက်ရမယ့်တာ၀န်က ဂျိုဝီရဲ့တာ၀န်ဖြစ်တာမို့လို့ သေနတ်တွေကို လက်စဖျောက်ဖို့ ယူလာခဲ့တယ်။ လက်စဖျောက်ရမယ့်သေနတ်ကို မဖျောက်ဘဲ သိမ်းထားရာကနေ သေနတ်တစ်လက်ကြောင့် ဂျိုဝီတစ်ယောက် အရူးမီးဝိုင်းရပြီ။ သေနတ်ကို ဘေးအိမ်က ဂျိုဝီ့သားရဲ့သူငယ်ချင်း ရုရှားကောင်လေးကယူသွားခဲ့တယ်။ သူတို့ဟာလည်း ရုရှားမာဖီးယားတွေနဲ့ ဆက်စပ်နေလေတော့ ဂျိုဝီတစ်ယောက် ဘယ်လိုမျိုးတွေဖြေရှင်းရမလဲ။ ဇာတ်လမ်းက ၁၈ နာရီအတွင်း ဖြစ်ပျက်တာတွေကို ရိုက်ထားတာဖြစ်ပြီး တစ်ကားလုံး intense ဖြစ်ပါတယ်..