
လူတိုင်းမှာရင်မဆိုင်ရဲတာမျိုး ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ်.. အဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ.. အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ် သတ်မှတ်ခံရပြီး အပေါင်းအသင်းမရှိတဲ့ လူတစ်ယောက်.. သူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလို သဘောထားတယ်.. ပြီးတော့ သူ့မှာလည်း လျိုဝှက်ချက်တစ်ခုရှိနေတယ်.. ဘာလဲဆိုတော့ မြိုကို Giant တွေအန္တရာယ်က ကာကွယ်ပေးနေရတာ.. အပေါင်းအသင်းမရှိတဲ့ ဘာဘရာတစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာဆိုတဲ့ကောင်မလေးနဲ့ တွေ့တွေ့ချင်းပဲ ခင်သွားပြီး သူ့လျိုဝှက်ချက်တွေကို ပြောပြလိုက်တယ်.. ဘာဘရာတစ်ယောက် ဘာလိုထူးဆန်းနေရတာလဲ.. Giant တွေက ဘယ်လိုလာဖျက်ဆီးမလဲ ဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေ ပေါ်လာလေလေပါ..