
မြန်မာပေါကားတွေ ကြည့်ရတာရိုးနေပြီလား.. အမေရိကန် ပေါကားစစ်စစ် ကြည့်ချင်ပါသလား.. ဒါဆိုရင်တော့ Hot Shots ကို ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ Hot Shots ရုပ်ရှင်ဟာ ဟောလီးဝုဒ်က နာမည်ကြီး ဇာတ်ကားတော်တော်များများကို သရော်ထားတဲ့ရုပ်ရှင်ကားပါ။ Hot Shots (1991) ကတော့ 1986 ခုနှစ်ကထွက်ရှိခဲ့တဲ့ Top Gun ဆိုတဲ့ရုပ်ရှင်ကို အဓိကထား သရော်ထားတာဖြစ်ပြီး Kevin Costner ရဲ့ Dances with Wolves လို နာမည်ကျော်ကားကြီးတွေကိုလဲ နည်းနည်းစီ သရော်ထားပါတယ်။ အခု Hot Shots (1991) မှာတော့ အဖေ့ရဲ့နာမည်ဆိုးကို အမွေဆက်ဆံထားရတဲ့ တော်ပါဟာလေကို လေတပ်က ပြန်လည်ဆင့်ခေါ်လိုက်ပြီး လျှို့ဝှက်မစ်ရှင် အကြီးစားတစ်ခုမှာ ပါဝင်ခိုင်းတဲ့အကြောင်းဖြစ်ပါတယ်။ ဂျက်လေယာဉ်ကြီး လေပေါ်မှာ Drift ဆွဲတာ၊ ဘရိတ်အုပ်လိုက်တာတွေအပြင် ရယ်မောစရာအခန်းတွေအများကြီးပါတာကြောင့် မြန်မာရွာကားတွေကြည့်ရတာ ပျင်းရိလာတဲ့ပရိသတ်တွေအတွက် ကြည့်သင့်တဲ့ အမေရိကန် နွားကျောင်းသားကားတစ်ကားဖြစ်ပါတယ်..