
ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။ Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက် ကိုရီးယားနယ်စပ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တဲ့ အမေရိကန်ရေတပ် လေယာဉ်မှူးတွေ အကြောင်းပဲဖြစ်ပါတယ်။ သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာ တစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်း ပါဝင်ပါတယ်။ သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။ သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက် ကိုရီးယားနယ်စပ်မှာ ဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီး လေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်..