
ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်လိုဆိုရမဲ့ ဆင်ပေါက်ကလေးအာပူဟာ အရမ်းကိုစူးစမ်းလေ့လာချင်သူလေးပါ။ ဆင်ကြီးတွေလစ်တာနဲ့ ဆင်ပေါက်အုပ်စုကိုဦးဆောင်ပြီး အလစ်ထွက်တတ်ပါသေးတယ်။ ငယ်သေးတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တတ်သေးဘဲ အကုန်တလွဲတချော်ဖြစ်ခဲ့တာချည်းပါပဲ။ ဒီလိုနဲ့တောထဲမှာ ပျော်ပျော်ပါးပါးနေရာက အာပူလေးဟာ အန္တရာယ်များတဲ့လူတွေကြားထဲသွားရဖို အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ လူတွေလက်ထဲရောက်သွားတဲ့ သူ့အဖေကိုသွားကယ်ဖိုပါပဲ။ ဆင်ပေါက်လေးအာပူရဲ့ စွန့်စားခရီးဟာ ဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နှက်နေမလဲ.. ဘာတွေတွေ့ကြုံခံစားရမလဲဆိုတာ..