
ပထမကားမှာ Freddy တစ်ယောက် Nancy ရဲ့ ထင်မထားတဲ့တိုက်ကွက်ကြောင့် ပြင်ပကမ္ဘာထဲကို ရောက်ရှိလာပါတယ်.. အဲဒီနောက်မှာ Nancy ရဲ့ ထောင်ချောက်တွေကြားထဲမှာ အခက်အခဲတွေကြုံရပြီး သူလိုချင်တဲ့ Nancy ကိုရမသွားပါဘူး.. သူ့ကိုသတ်ခဲ့တဲ့ Nancy ရဲ့အမေကိုပဲ ခေါ်သွားနိုင်ခဲ့ပါတယ်.. အဲဒီအဖြစ်တွေအပြီး ငါးနှစ်အကြာမှာ အဲဒီအိမ်ကို ပြောင်းလာတဲ့ Jesse ဆိုတဲ့ကောင်လေးကို အသုံးချပြီး Freddy ဟာ သူ့ရဲ့ညတွေကို အသက်သွင်းဖို့ ပြန်ကြိုးစားပါတော့တယ်.. Elm လမ်းပေါ်မှာ Freddy တစ်ယောက် ဘယ်လို လက်သည်းစွမ်းပြမလဲ Jesse ကိုရော သူ့ရဲ့ကောင်မလေး Lisa က ဘယ်လိုကယ်တင်ဖို့ ကြိုးစားကြမယ်ဆိုတာတွေကို ဒီကားမှာ ကြည့်ရှုရဖို့ ရှိပါတယ်..