Squid Game Season 3 ကတော့ ထွက်ရှိလာပြီဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Lee Jung-Jae၊ Lee Byung-Hun၊ Yim Si-Wan၊ Kang Ha-Neul၊ Lee Jin-Uk၊ Park Sung-Hoon၊ Wi Ha- Joon အစရှိတဲ့ Season 2 မှာပါဝင်ခဲ့တဲ့ Cast တွေပဲ ပြန်လည်ပါဝင်သွားမှာ ဖြစ်ပါတယ်..
ဒီ Season မှာတော့ အထူးအနေနဲ့ အားလုံးရဲ့အချစ်တော် အရုပ်မလေး ယောင်းဟီရဲ့ ကောင်လေးဖြစ်တဲ့ ချောဆူဆိုတဲ့ အရုပ်လေးပါ ပါဝင်လာမှာဖြစ်ပြီး ကြိုးခုန်တဲ့ဂိမ်းအပြင် ဘယ်လိုရင်ဖိုစရာကောင်းတဲ့ ဂိမ်းတွေပါ ပါဝင်လာဦးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး..
Season 2 မှာ စတင်ခဲ့တဲ့ ကစားသမားတွေရဲ့ ပြန်လည်ပုန်ကန်မှုက အောင်မြင်သွားနိုင်မလားဆိုတာကိုလည်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်..





