What's happening?

Video Sources 150 Views Report Error

  • Mega

Kaalratri (2024): 1x1

S1.E1 ∙ Bodhuboron

ဒေဘီဆိုတဲ့ မိန်းမလှလေးက မကြာခင်လက်ထပ်တော့မယ့် သတို့သမီးအသစ်စက်စက်လေးပေါ့.. ဒီမင်္ဂလာ‌ဆောင်အပြီးမှာ သူ့ဘဝအလှည့်အပြောင်း ကြုံရပါတော့မယ်ဆိုပြီး စိတ်လှုပ်ရှားနေလေရဲ့.. ဒါပေမဲ့ဒီပျော်ရွှင်မှုက တာရှည်မခံခဲ့ပါဘူး.. အကြောင်းရင်းကတော့ သူ့သူငယ်ချင်းမာယာရဲ့စကားကြောင့်ပါ.. ဒေဘီရဲ့မင်္ဂလာဆောင်ပြီး နောက်ရက်ရောက်တာနဲ့ သူနဲ့လက်ထပ်မယ့်သတို့သား ရူဒရာဟာ သေဆုံးရပါမယ်တဲ့.. ဝမ်းနည်းဖို့ကောင်းစွာနဲ့ ဒီခန့်မှန်းပြောဆိုချက်က မှန်ကန်လာခဲ့ပါတယ်.. ဒီလိုနဲ့ဒေဘီဟာ ခင်ပွန်းဆုံးရှုံးရလို့ ကြေကွဲရမှုအပြင် လူအများရဲ့ သံသယမျက်လုံးနဲ့ကြည့်မှုတွေ ဝေဖန်ပြစ်တင် ပြောဆိုမှုတွေကိုပါ ခံစားခဲ့ရတော့တာပါ.. ဒီလိုနဲ့နေလာရင်း သူ့ခင်ပွန်းရဲ့မိသားစုကပါ ပုံမှန်မဟုတ်ကြောင်း သိလာရပါတော့တယ်.. အတူရှိနေတော့မှ သူတို့ရဲ့ အရှုပ်အထွေးတွေ ပြဿနာတွေဟာ တစ်ခုချင်း တစ်လွှာချင်း ကွာကျပေါ်ပေါက်လာတာပါ.. အဲဒီအချိန်မှာပဲ မိသားစုတွင်းမှာ လူသတ်မှုတစ်ခု ဖြစ်သွားပြီး အခြေအနေကိုပိုဆိုးလာစေတဲ့ အခါမှာတော့.. ဒေဘီရဲ့ သတို့သမီးအသစ်စက်စက် ဘဝကနေ ပူဆွေးဖွယ်မုဆိုးမလေးဘဝ ရောက်သွားရပုံ.. အန္တရာယ်တွေ လျှို့ဝှက်ချက်တွေ ပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ဖို့ကြိုးစားပုံတွေအပြင် သဘာဝလွန် ဖြစ်ရပ်စွမ်းအားတွေကိုပါ ရင်သပ်ရှုမောဖွယ်တွေ့ရှိရမှာမို့ ဒီစီးရီးလေးကို ကြည့်ရှုလိုက်ပါဦး..

Kaalratri: 1×1
Dec. 06, 2024


Leave a comment

Name *
Add a display name
Email *
Your email address will not be published