What's happening?

Video Sources 375 Views Report Error

  • Mega 720
  • Mega 1080
The Hunger Games (2012)

The Hunger Games (2012)

The world will be watching.Mar. 12, 2012n/A142 Min.n/A
Your rating: 0
0 0 votes


Synopsis

The Hunger Games ရဲ့ဇာတ်လမ်းကတော့ Districts တစ်ခုချင်းစီကနေ တစ်နှစ်ကို အသက် 12-18 ကြား ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပါတယ်။ အရွေးချယ်ခံရတဲ့ လူတွေကို Tributes လို့ ခေါ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ပြီး Capitol လို့ခေါ်တဲ့ အစိုးရမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Hunger Game မှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။ Hunger Game မှာပါတဲ့ Tributes တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သေသည်အထိ တိုက်ခိုက်ရပြီး နောက်ဆုံး တစ်ယောက်ပဲကျန်ရပါမယ်။ အဲ့ဒီနောက်ဆုံး ကျန်တဲ့တစ်ယောက်က Hunger Game မှာအနိုင်ရရှိတဲ့လူပဲဖြစ်ပါတယ်။ အဲ့ဒီလိုတစ်ယောက်နဲ့ တစ်ယောက်သတ်နေတာကို အပြင်က လူချမ်းသာတွေနဲ့ အစိုးရအဖွဲ့ဝင်တွေက အားရပါးရ ကြည့်ရှုအားပေးနေကြတာပါ။ ဘာဖြစ်လို့ အဲ့ဒီလို နှစ်စဉ်သတ်ခိုင်းနေတာလဲဆိုရင် အရင်တုန်းက တိုင်းပြည်မှာဆူပူအုံကြွမှုတွေဖြစ်ပြီး အစိုးရကိုပုန်ကန်တယ်။ အဲ့ဒီအချိန်မှာ Capitol ပဲကျန်ခဲ့တယ်။ အဲ့ဒါကို Capitol ကအစိုးရက သူတို့ကိုနောက်ထပ် ပုန်ကန်မှုတွေမပြုလုပ်အောင် ၊ သူတို့ပုန်ကန်မှုတွေပြုလုပ်တုန်းက ဘယ်လိုနှိမ်နင်းခဲ့တယ်ဆိုတာတွေပြန်မှတ်မိအောင် ၊ အပြစ်ပေးတဲ့အနေနဲ့ နောက်ထပ် ပုန်ကန်မှုတွေမလုပ်အောင် တစ်နှစ်တစ်ကြိမ် Capitol မှာ Hunger Game ကိုကျင်းပပေးရတာပဲဖြစ်ပါတယ်။ Hunger Game အတွက် လူရွေးတဲ့အခါမှာ Katniss Everdeen (Lawrence) ရဲ့ ညီမလေးက အရွေးခံလိုက်ရတယ်။ ဒါပေမဲ့ သူမက ငယ်သေးလို့ သူမအစား Katniss Everdeen က Volunteer လုပ်မယ်ဆိုပြီး အရွေးချယ်ခံလိုက်ပါတယ်။ နောက်ထပ် ယောက်ကျားလေးတစ်ယောက်ကတော့ Peeta လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကို ရွေးချယ်သွားပါတယ်။ ဒီလိုနဲ့သူတို့ Hunger Game မှာယှဉ်ပြိုင်ဖို့အတွက် Capitol ကိုရောက်လာတယ်။ သူတို့ နှစ်ယောက်က District 12 ကနေဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ သူတို့ရဲ့ အဖွဲ့တိုင်းမှာလဲ သူတို့ရဲ့ နည်းပြကိုယ်စီရှိပါတယ်။ Capitol ကလူတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကတော့ အရောင်စုံတွေနဲ့ ခပ်ကြောင်ကြောင် အဝတ်အစားတွေနဲ့ပါ။ ဒီလိုနဲ့သူတို့ Hunger Game မှာယှဉ်ပြိုင်ကြပါတယ်။ ယှဉ်ပြိုင်တဲ့အခါမှာ အခြားပြိုင်ဘက်ကတွေက အချင်းချင်း Allies ဖွဲ့ကြပါတယ်။ Katniss ကတော့ ဒါတွေမသိတဲ့အတွက်ကြောင့် တစ်ယောက်ထဲပဲပြိုင်ပြီး သူတို့တွေနဲ့ ဝေးသမျှဝေးအောင် ပြေးပါတယ်။ Katniss ရဲ့ အားသာချက်က မြှားပစ်ကျွမ်းကျင်တာပါ။ ဒီလိုနဲ့ Hunger Game ကိုခက်ခက်ခဲခဲယှဉ်ပြိုင်ကြပါတယ်။ Hunger Game က စည်းကမ်းကိုက နောက်ဆုံးတစ်ယောက်ပဲကျန်ရမှာပါ။ ဒါကို Katniss အနေနဲ့ Peeta ပေါင်းပြီး အချစ်ဇာတ်လမ်းအတုတွေဖန်တီးပြီး နှစ်ယောက်လုံးအသက်ရှင်ကျန်ရစ်အောင် လုပ်ပါတယ်။ Hunger Game ကို ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကို အထင်ကြီးအောင်လုပ်နိုင်လေ အနိုင်ရဖို့အခွင့်လမ်းများလေပါပဲ။ ဒါကိုသိအောင် Katniss တို့ နည်းပြကပြောပြထားတဲ့အတွက်ကြောင့် လူအများအထင်ကြီးအောင် သိပ်ချစ်ကြတဲ့ စုံတွဲအဖြစ်ဟန်ဆောင်ပြီး District 12 အတွက် ၂ ယောက်လုံးအနိုင်ရပြီး အသက်ရှင်ကျန်ရစ်ပြီး အနိုင်ရသွားတာပါ..

The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
The Hunger Games (2012)
Original title The Hunger Games
IMDb Rating n/A n/A votes
TMDb Rating 7.217 22,529 votes

Director

Gary Ross
Director

Cast

Jennifer Lawrence isKatniss Everdeen
Katniss Everdeen
Josh Hutcherson isPeeta Mellark
Peeta Mellark
Liam Hemsworth isGale Hawthorne
Gale Hawthorne
Woody Harrelson isHaymitch Abernathy
Haymitch Abernathy
Elizabeth Banks isEffie Trinket
Effie Trinket
Stanley Tucci isCaesar Flickerman
Caesar Flickerman
Donald Sutherland isPresident Coriolanus Snow
President Coriolanus Snow
Wes Bentley isSeneca Crane
Seneca Crane
Toby Jones isClaudius Templesmith
Claudius Templesmith

Similar titles

Meet Dave မြန်မာစာတန်းထိုး
The Emu War မြန်မာစာတန်းထိုး
S.T.A.L.K.E.R. Shadow of the Zone (2024) mmsub
The Abyss မြန်မာစာတန်းထိုး
Tiger Hunter မြန်မာစာတန်းထိုး
How to Train Your Dragon: The Hidden World မြန်မာစာတန်းထိုး
Dragon Tiger Gate မြန်မာစာတန်းထိုး
Interceptor မြန်မာစာတန်းထိုး
Wrath of the Titans (2012)
Strange Stories of Liao Zhai – The Land of Lan Ruo မြန်မာစာတန်းထိုး
Johnny English (2003) mmsub
Battleship (2012) mmsub

Leave a comment

Name *
Add a display name
Email *
Your email address will not be published